ပြေတီဦးဖောင်ဒေးရှင်းက ရုပ်ရှင်လောကသားများ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

ပြေတီဦးဖောင်ဒေးရှင်းအနေဖြင့် ရုပ်ရှင်လောကသားများ၏ သားသမီးများအတွက် ပညာရေးသင်ကြား ရာတွင် အထောက်အပံ့ဖြစ်စေမည့်ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခြင်းကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမ၌ ပြုလုပ်သည်။
ခမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့် ပတ်ဝန်းကျင်အား ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ နှင့် ဆေးမှုတ်ခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ်( ၂ )ရပ်ကွက်တွင်  သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့်အတွက် ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများနှင့် ဆေးမှုတ်ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀  ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ် သံဃနာယကအဖွဲ့၊ စာမေးပွဲကြီးကြပ်ရေး ဦးဆောင်ဆရာတော်များအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီး ဌာနတို့က မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ယနေ့ မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပ ဖြေဆိုလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးပေါင်စနစ်ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဆမ်ဆိုင်ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းကြီးများအတွက် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း၊ “ဖော”ငမြောင်တောင် (FAW) ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းနှင့် မိုးစပါးဘောင်စနစ် (Raised Bed)ဖြင့် ပျိုးထောင်နည်း လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆမ်ဆိုင်ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ကျင်းပသည်။
ခန္တီးခရိုင်တွင်တွေ့ရှိသည့် နှံကောင်သည် ကန္တရကျိုင်းကောင်(နှံကောင်)မဟုတ်ကြောင်း အတည်ပြု
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်တချို့နေရာတွင် တွေ့ရှိသည့် နှံကောင်သည် ကန္တရကျိုင်းကောင် (နှံကောင်)မဟုတ်ကြောင်းနှင့် ဒေသတွင်းရှိသည့် ကော်ဖီကျိုင်းများသာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ပညာရှင်များလာရောက်ပြီး ခန္တီးမြို့နယ်  သာစည်နှင့် အောင်သာယာ​ရွာတွင် ကွင်းဆင်းစစ်ဆေး အတည်ပြုခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း၊ ဆပ်ပြာများ အခမဲ့ဖြန့်ဝေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ UNDP နှင့် UNICEF တို့ပူးပေါင်၍ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းနှင့်ဆပ်ပြာများအခမဲ့ဖြန့်ဝေခြင်းကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁) အထက နှင့် အမှတ် (၅)အထက ကျောင်းတို့တွင်ဆောင်ရွက်သည်။
ကံမမြို့နယ်တွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၃၅၃ ဦး ကျောင်းအပ်နှံပြီးဖြစ်
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်   အခြေခံပညာအထက်တန်းအဆင့် အတန်းများမှ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ဇူလိုင် ၁၃ ရက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ  ၃  ကျောင်းတို့တွင် လက်ခံလျက်ရှိရာ