အချိန်အခါမဲ့မိုးကြောင့် ကောက်လှိုင်းများမိုးမိ၍ လေလွင့်မှုများပြား

အချိန်အခါမဲ့ ရွာသွန်းခဲ့သော မိုးကြောင့် မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိစပါးများ လေလွင့်ဆုံးရှုံးမှုများပြားကာ အခက်အခဲများနှင့်ကြုံနေခဲ့ရသည်။လယ်ရိတ်ပြီးချိန်တွင် မိုးရွာသွန်းခြင်းကြောင့်  ရိတ်ပြီးသား ကောက်လှိုင်းများ မိုးမိကာ သယ်ယူရခက်ခဲသည့်အခြေအနေနှင့်ကြုံတွေ့ရသည့်အတွက် ရာသီဥတုပြန်လည်ကောင်းမွန်လာချိန်လယ် ကွက်အတွင်း မိုးကာခင်းကာ ကောက်လှိုင်းရိုက်သည့်စနစ်ကို ကျင့်သုံးနေရကြောင်း သိရသည်။
တာချီလိတ်၌ အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်လှစ်  
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အထူးရန်ပုံငွေထောက်ပံ့မှုဖြင့်  စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ  ကြီးမှူးစီစဉ်ပြုလုပ်သည့် အရည်အသွေးမြင့် အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ တောင်သူပညာပေးသင်တန်းခန်းမ၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာစေတီတော်မြတ်ကြီး ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော် ပေါက်ခေါင်းတွင် ကျင်းပမည်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာစေတီတော်မြတ်ကြီး "နှစ်(၁၀ဝ)ပြည့် " ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်(၃၄)ကြိမ်မြောက် မြို့တွင်းသို့ပင့်ဆောင် လှည့်လည်အပူဇော်ခံပွဲကို ပြာသိုလပြည့်နေ့  ဇန်နဝါရီ  ၂၀ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း မီးလောင်မှုဖြစ်

စစ်တွေ  ၁၀  ဇန်နဝါရီ

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်     
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင် ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင်အတူ ယနေ့ နံနက်ပိုင်းတွင် အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူ ကချင်ပြည်နယ် ခရိုင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများတွေ့ဆုံ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင်
ရေးမြို့နယ် ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီဆောင်ရွက်
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေးမြို့နယ် ကုလားကုတ်ကျေးရွာ အုပ်စုအောက်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ ကာကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းပြီး လေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သော ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။