ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ သည်။
လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်  အမျိုးသမီးများသင်တန်း အတွက် အမေရိကန်အစိုးရကလှူဒါန်းသော အထောက်အကူပြုပစ္စည်းများ လက်ခံရရှိ 
လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်မည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါ ဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်
(၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ
အရည်အသွေးမမီသော safeguard များ၊ ဝါယာများကို အသုံးမပြုသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတိပေး
အရည်အသွေးမမီသော safeguard များ၊ ဝါယာများကို အသုံးမပြုသင့်ကြောင်း မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ သတိပေးထားသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ အလှူငွေများလှူဒါန်း
ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ အလှူငွေများလှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနသည် လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်‌ရေးလုပ်ငန်းများ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်‌ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် UNICEF (မြန်မာ)၊ SPPRG၊ TDHL၊ World Vision၊   Kinnected Myanmar တို့နှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်  Virtual Meeting ဖြင့် ကျင်းပသည်။
လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်
ကယားပြည်နယ်  လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် အဘိုးအဘွားများအား ပုံမှန် လူမှုရေးပင်စင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ဇန်နဝါရီ ၂၂ ရက်  နံနက် ၁၀ နာရီက  လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။