ရန်ကုန်တိုင်းဒေသကြီးမှ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲသည့် အဝေးပြေး ယာဉ် လိုင်းများနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများ ပိတ်ထားခြင်းမရှိဘဲ COVID-19 ကြောင့် စီးနင်းမှုမရှိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။