သုဝဏ္ဏဝတီမြို့၌ ရပ်ရွာအခြေပြု ကျန်းမာရေးစင်တာနှစ်ခုမှ သတ်မှတ်ရက်ပြည့်မီပြီး ကျန်းမာရေးကောင်းမွန်သူ ၁၉၅ ဦးအား နေအိမ်များသို့ ပြန်လည်စေလွှတ်

သု၀ဏ္ဏဝတီ  ၉ ဧပြီ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိမ်းချုပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော ရပ်ရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မူစင်တာနှစ်ခုတွင် စောင့်ကြည့် နေရပ်ပြန်ပြည်သူ ၁၉၅ ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဧပြီ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ အဖွဲ့လိုက် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည် ။

 

ဧပြီ ၉ ရက်နေ့အထိ စင်တာအမှတ်၂ (အထက-ကျို‌ေက္ကာ်)တွင် စောင့်ကြည့်ခံရသူ ၇၅ ဦး ရှိသည့်အနက် အမျိုးသား၊ အမျိုးသမီး  ၆၂ ဦးကိုလည်းကောင်း၊ စင်တာအမှတ် ၃ (အထက-သိမ်ဆိပ်)တွင် စောင့်ကြည့်ခံရသူ ၁၅၄ ဦးရှိသည့်အနက် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၃၃ ဦး၊ စုစုပေါင်း ၁၉၅ ဦးအား စောင့်ကြည့်ကာလ ပြည့်မြောက်၍လည်းကောင်း ကျန်းမာရေးကောင်းမွန်သောကြောင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဆေးစစ်မူများ ပြုလုပ်ပေးပြီး  မိမိနေအိမ်တွင် ပြန်လည်၍ ကောင်းမွန်စွာ နေထိုင်ကြရန် မှာကြားကာ နေအိမ်များသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည် ။

 

ပြန်လည်စေလွတ်သူများကို Quarantine ဆောင်ရွက်ပြီးစီးမူ(ကျန်းမာရေးထောက်ခံချက်)ကို ကာယကံရှင် တစ်စောင်ပေး၍ ရုံးလက်ခံတစ်စောင် ထားရှိ၍ စနစ်တကျ ပြန်လည်စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

စင်တာများတွင် ကျန်ရှိနေသူ ၃၃ ဦးအား သတ်မှတ်ရက် ပြည့်မီ၍ ကျန်းမာရေးကောင်းမွန်သူများကို ဧပြီ ၁၀ ရက်နေ့တွင် အားလုံး ပြန်လည်စေလွတ်ပေးသွားမည်ဖြစ်ကြောင်း သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည် ။

 

ခွန်(ဝင်းပ)