သုံးနိုင်ငံအစည်းအဝေးက အာရှတိုက်၏ စီးပွားရေးနှင့် တည်ငြိမ်မှုအတွက် နမိတ်လက္ခဏာကောင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

ဖနောင်ပင် ၂၇  ဒီဇင်ဘာ

မကြာသေးမီက ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးသည် အာရှတိုက်၏ စီးပွားရေးနှင့် တည်ငြိမ်မှုအတွက် နိမိတ်လက္ခဏာကောင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ။

၈ ကြိမ်မြောက် တရုတ်-ဂျပန်တောင်ကိုရီးယားခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူမြို့တွင် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ လွတ်လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံစုံ ပါဝင်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရန်စသည်တို့ကို ခေါင်းဆောင် များက သဘောတူခဲ့သည်။

တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် မိမိတို့၏အာဆီယံ ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့အတွက် အလွန်ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း ဖနောင်ပင် မြို့၌ ပြုလုပ်သည့် တက္ကသိုလ်ဘွဲ့နှင်း သဘင်တစ်ခုတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

ထို့အပြင် အဆိုပါအစည်းအဝေး သည် ဒေသတွင်း စီးပွားရေးအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု ရှိလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ။

လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် နိုင်ငံစုံ ပါဝင်ရေးဝါဒကို စောင့်ထိန်းရန် ခေါင်းဆောင်သုံးဦး ရရှိခဲ့သည့် သဘောတူညီချက်သည် အမေရိကန် နှင့် တရုတ်နိုင်ငံကြားနှင့် အမေရိကန် နှင့် အခြားနိုင်ငံများကြား ကုန်သွယ် ရေးတင်းမာမှုကို လျှော့ချပေးနိုင်မည် ဟု ဟွန်ဆင်က ပြောကြားသည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံ၏ ဆက်ဆံရေးကောင်းမွန် မည်ဆိုပါက ယင်းသုံးနိုင်ငံအတွက်သာမက ဒေသတွင်းရှိ နိုင်ငံအားလုံး အတွက်လည်း ကောင်းမွန်မည် ဖြစ် ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ဆင်ဟွာ