သုံးခွမြို့နယ်တွင် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

သုံးခွ ၁၁ နို၀င်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ ကျက်သရေဆောင် ရှစ်မျက်နှာစေတီတော်မြတ်ကြီး၏ ၃၉ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြို့မဈေးကြီးတစ်ပတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နို၀င်ဘာ ၁၁ ရက် (တန်ဆောင်မုန်း လပြည့်နေ့) နံနက် ၆ နာရီခွဲက စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။

 

ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြို့မဈေးကြီးတစ်ပတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရှစ်မျက်နှာစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှကြီးမှူး၍ မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သံဃာတော်များ အပါး ၁၁၈ ပါးနှင့် သီလရှင်ဆရာကြီးများ၊ ဆရာလေးများ အပါး ၂၀၀ကျော်၊ စုစုပေါင်း အပါး ၃၀၀ ကျော်တို့ ကြွရောက်တော်မူခဲ့ကြောင်း သိရသည်။

 

စည်သူလင်း ပြန်/ဆက်