သုံးခွမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

သုံးခွ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) မှ အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ တို့ကို သုံးခွမြို့နယ် ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီက မြို့မစျေး အနောက်ဘက် ရှင်စောပုလမ်း၌ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ကိုကျော်သုံးခွ