သုံးခွမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့တွင် မီးလောင်

၂၀ ဇန်နဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သွန်းဘုရားကြီးဝန်းအတွင်း ယနေ့ ၄ နာရီ မိနစ် ၅၀ က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ထရချောင်းကျေးရွာအုပ်စု၊ မြရတနာရပ်ကွက်တွင် ယနေ့ ၄ နာရီ ၃၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောင်းမြခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် မီးသတ်ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။

MDN