သုံးခွမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ(၂၃၄၉)ဦး ဝင်ရောက်ဖြေဆိုမည်

သုံးခွ  ၂၁  ဖေဖော်ဝါရီ 

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည့် ဖြစ်ရာ ဖြေဆိုရန် လျှောက်ထားသူကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင်လည်း အ.ထ.က(၁)၊အ.ထ.က(၂)၊ အ.ထ.က(မြို့မ)၊အထကဇွဲထော်၊ အ.ထ.က(ခွဲ)သိုက်တူးကန် စာစစ်ဌာန ငါးခု၌သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ ဆရာဆရာမများက ဖြေဆိုခွင့်ကတ်ပြားများအား ထုတ်ပေးလျက်ရှိရာစာစစ်ဌာနငါးခု၌ ဖြေဆိုရန်လျှောက်ထားသူ စုစုပေါင်း(၂၃၄၉)ဦး ရှိကြောင်းသိရပြီး သုံးခွမြို့ အ.ထ.က(၁)ကျောင်းအုပ်ကြီး ရုံးခန်းတွင်ယမန်နေ့နံနက် ၁၁ နာရီက ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

စည်သူလင်း( ပြန်/ဆက်)