သုံးခွမြို့ အမှတ် (၂) ရပ်ကွက်တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

သုံးခွ ၂၁ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် (၂) ရပ်ကွက်၊ သွန်းဘုရားလမ်းတွင် ဇန်နဝါရီ ၂၀ ရက် ညနေ ၄ နာရီ  မိနစ် ၅၀ ခန့်က အိမ်ရှင် ဒေါ်သန်းညွန့်(၇၃)နှစ်၏ နေအိမ် အပေါ်ထပ်တွင် ဖုန်းအားသွင်းထားသော မီးပလပ်ခုံ အပူလွန်ကွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးတပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲဝင်များ လှုမှုရေးအသင်းအဖွဲ့များ ပရဟိတအသင်းများ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်သန်းညွန့်အား သုံးခွမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်းသိရှိသည်။

 

ကျော်ဆန်း