သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများအသင်းအစည်းအဝေးကျင်းပ

ရန်ကုန်  ၆  ဇန်နဝါရီ 


သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများ အသင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရှိ IDEA စားသောက်ဆိုင်၌  ကျင်းပရာ   တတိယအကြိမ်မြောက် ဝန်ထမ်းဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနားပြုလုပ်မည့်ရက်ကို  မတ် ၂၄ ရက်တွင် ကျင်းပရန် သတ်မှတ်ခဲ့ကြသည်။


ထို့နောက်  အသင်းအမှုဆောင် ဘဏ္ဍာရေးမှူး ဦးထွန်းလင်းအောင်၊ - ဒေါ်သိင်္ဂီဦး ( မဟော်သဓာ Print & Pack ပုံနှိပ်လုပ်ငန်း) က  ငွေကျပ်သုံးသိန်း ၊ အသင်းဥက္ကဌ ဦးမြင့်ဆွေက ငွေကျပ်တစ်သိန်း၊ အတွင်းရေးးမှူး (၁)ဦးတင်မောင်လတ်နှင့် ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ်(ငြိမ်း) ဦးခင်မောင်ကျော်ဒင်တို့က ကျပ်တစ်သိန်းစီ ၊  ကျန်အမှုဆောင်များက စုပေါင်းထည့်လှူငွေကျပ် ၃၄၀၀၀၀  စုစုပေါင်း အလှူငွေကျပ် ၉၄၀၀၀၀ ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ 


(သတင်းစဉ်)