သထုံတွင် ပုံမှန်ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်း ၂၅၀ အား စားရိတ်မျှပေး မျှဝေခြင်းအစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ‌ ဈေးနှုန်းထက်ဝက်လျှော့ ရောင်းချပေး

သထုံ     ဧပြီ   

 

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ အခြေခံပြည်သူများ စားရေးသောက်ရေး အခက်အခဲမဖြစ်စေရေးအတွက် စားရိတ်မျှပေး မျှဝေခြင်း အစီအစဉ်ဖြင့် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ ဦးဆောင်မှုဖြင့် စေတနာရှင်မြို့မိမြို့ဖများ၊ လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ လက်ရှိပေါက်ဈေးအောက် ထက်ဝက်နှုန်းဖြင့် မြို့ပေါ် ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ဧပြီလ ရက်နေ့မှစတင်ကာ ရောင်းချပေးနေကြောင်း သိရသည်။

 

"ဒီကိုဗစ်-၁၉ ကာလမှာ အခြေခံအလုပ်သမားတွေဟာ သူတို့ရဲ့အလုပ်တွေကို ရပ်နားလိုက်ရတာ တွေရှိတယ်။ အဲ့ဒီအပေါ်မှာ သူတို့ရဲ့နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်လာတယ်။ စားဝတ်နေရေး မပြေလည်ဘူးဆိုရင် ကျန်တဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့မိမြို့ဖ တွေရယ်၊ တာဝန်ရှိသူတွေရယ် စုပေါင်းတိုင်ပင်ပြီး ဆောင်ရွက်တာပါ" ဟု သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

 

အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ/ဖြူ အာလူး၊ ပဲတို့ကို အိမ်ထောင်စုတစ်စုအတွင်းရှိသည့် လူဦးရေအလိုက် လူတစ်ဦးလျှင် တစ်နေ့ သုံးနပ်စာ ၂၀၀ ကျပ်နှုန်း တစ်နပ် ၇၀ ကျပ်နှုန်းဖြင့် စီမံရောင်းချပေးကြောင်း သိရသည်။

 

"ဒီအတိုင်း အခမဲ့လှူဒါန်းလိုက်လို့ရပေမယ့် မလိုလားအပ်တဲ့ လေလွင့်မှုတွေ ရှိလာနိုင်တယ်။ အလှူရှင်တွေရဲ့ လှူဒါန်းမှုဆိုတာကလည်း အကန့်အသတ်ရှိတယ်။ ကျွန်တော်တို့က ဒါကို ကာလရှည်ကြာ လုပ်ချင်တယ်။ ဒါကြောင့် ဝင်ငွေနည်းသူတွေ အတွက် ဝန်မဖြစ်စေနိုင်လောက်တဲ့ ပမာဏနဲ့ စားရိတ်မျှပေး မျှဝေခြင်းအစီအစဉ် လုပ်တာပါ" ဟု ဦးအောင်ကျော်သူက ဆိုသည်။

 

သထုံမြို့ပေါ်ရှိ အခြေခံဝင်ငွေအနည်းပါးဆုံး အိမ်ထောင်စုများကို ရပ်ကွက်တစ်ခုလျှင် ၅၀ နှုန်းရွေးချယ်ကာ အိမ်ထောင်စုပေါင်း ၂၅၀ အား Pilot Project အနေဖြင့် ရှေ့ပြေးရောင်းချပေးခြင်းဖြစ်သည်။

 

"ခုအချိန် အလုပ်ကမရှိ ဝင်ငွေမရှိချိန်မှာ ဒီလိုရောင်းပေးတာ အဆင်ပြေတာပေါ့။ အိမ်မှာ လူ ယောက်ရှိတာ ရက်စာလောက်ရတယ်" ဟု နန်းခဲရပ်ကွက်မှ ဒေါ်ငယ်က ပြောသည်။

 

လက်ရှိအချိန်တွင် စားရိတ်မျှပေး မျှဝေခြင်း အစီအစဉ်ကို ရှေ့ပြေးစမ်းသပ်အနေဖြင့် ဧပြီလ ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ပါဝင်ပူးပေါင်း လှူဒါန်းမှုအလိုက် မြို့နယ်တစ်ခုလုံးရှိ ပုံမှန်ဝင်ငွေနည်းပါးသည့် အခြေခံပြည်သူတစ်ရပ်လုံးကို ရောင်းချပေးနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)