သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ‌ ကွင်းဆင်းဆောင်ရွက်ပေး

သထုံ အောက်တိုဘာ  ၁၄

 

သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက  ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များတို့က ဒေးဗရိန်း ကျေးရွာအုပ်စုအတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေး‌နေမှုများကို ကြည့်ရှုအားပေးကာ ပြုလုပ်‌ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သထုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မေ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ သထုံမြို့နယ်အတွင်း ယနေ့အချိန်အထိ လူဦးရေပေါင်း ၃၀၀၀ ကျော်အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)