သထုံမြို့နယ် အလံတစ်ရာဒေသ၌  ရိုးရာလက်မှုကြိမ်ပုတီးလုပ်ငန်းဖြင့် မိသားစု အပို၀င်ငွေရရှိ

သထုံ     ဇူလိုင်  

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ၊ အလံတစ်ရာဒေသတွင် ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ကြိမ်ပုတီးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး  အပိုဝင်ငွေရရှိကာ အဆင်ပြေကြကြောင်း သိရသည်။

 

"စီးပွားဖြစ်တယ်တော့မဟုတ်ဘူးပေါ့ နည်းနည်းပါးပါးပေါ့ မီးဖိုချောင်စားရိတ်လေး လှူရေးတန်းရေးလေး အထောက်အပံ့ဖြစ်တယ်ပေါ့။ လုပ်ငန်းချဲ့နိုင်ရင်တော့ စီးပွားဖြစ်လုပ်နိုင်မယ်။ ခုက အဝယ်ဒိုင်ရယ်လို့ မယ်မယ်ရရ မရှိဘူး ဒါပေမယ့် လာလာယူနေကြတာ သူ့အချိန်ကျရင်တော့ ကုန်တာပါဘဲ" ဟု အလံတစ်ရာဒေသ၊ ဗြဟ္မာ()လမ်းမှ ကြိမ်ပုတီးလုပ်ငန်းလုပ်ကိုင်သူ ကိုသန့်ဇင်က ပြောသည်။

 

ကြိမ်ပုတီးပြုလုပ်သည့် ကြိမ်သီးများကို ပေါင်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတို့မှ မှာယူပြီး လုပ်ကိုင်ရပြီး ကုန်ကြမ်းဖြစ်သည့် ကြိမ်သီးစျေးနှုန်းနှင့် လုပ်ငန်းလုပ်ကိုင်ရာတွင် လိုအပ်သော နိုင်လွန်ကြိုး၊ လုပ်သားဌားရမ်းခ အခြားလုပ်ငန်းသုံးပစ္စည်းများမှာ ယခင်နှစ်ကထက် စျေးနှုန်းမြင့်တက်လာကြောင်း ၎င်းက ပြောသည်။

 

ကြိမ်ပုတီးပြုလုပ်ရာတွင် ဝယ်ယူစုဆောင်းထားသည့် ကြိမ်သီးများကို နေလှမ်းခြင်း၊ ပြုတ်၍ ရေစိမ်ခြင်း၊ ကြိမ်သီးကို စက်ဖြင့်လှည့်ပြီး ပုတီးစေ့ပြုလုပ်ခြင်း၊ ကြိုးဖြင့်သီပြီး ကော်ပတ်စား အချောကိုင်ခြင်း စသည့်ဖြင့် အဆင့်ဆင့်ပြုလုပ်ရသည်။

 

ကြိမ်သီးတစ်တင်း ယခင်နှစ်က ကျပ် ၃၀၀၀၀၊ ယခုနှစ် ကျပ် ၃၃၀၀၀ ဈေးပေးဝယ်ရပြီး တစ်တင်းလျှင် ပုတီးကုန်း ၁၃၀ ကျော်ခန့် ရရှိကြောင်း လုပ်သားငှားရမ်းခမှာ ယခင်နှစ်က ပုတီးတစ်ကုံးလုပ်ခ ၃၀၀၊ ယခုနှစ် ၄၀၀ ပေးရပြီး လူတစ်ဦး တစ်ရက်လျှင် ပုတီးကုန်း ၂၀ ခန့် ပြုလုပ်နိုင်ကြောင်း သိရသည်။

 

ကြိမ်းသီးများကို နှစ်စဉ် နယုန်လမှ စတင်ဝယ်ယူစုဆောင်းရပြီး ဝယ်ယူစုဆောင်းထားနိုင်မှုများပါက တစ်နှစ်ပတ်လုံး လုပ်ကိုင်နိုင်ကြောင်း သိရသည်။

 

အလံတစ်ရာဒေသတွင် ကြိမ်ပုတီးကို အမျိုးအစား မျိုး ထုတ်လုပ်ပြီး အမျိုးအစားအလိုက် ပုတီးတစ်ကုံးလျှင် ကျပ် ၈၀၀ မှ ၂၀၀၀ အထိ ရောင်းချကြောင်း ကြိမ်ပုတီးများကို မွန်ပြည်နယ်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ကရင်၊ တနင်္သာရီစသည့်ဒေသများရှိ ဘုရားစေတီများမှ နိဗ္ဗာန်ကုန်အရောင်းဆိုင်တို့မှ လာရောက်မှာယူ ရောင်းချနေကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)