သရက်မြို့၌ HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

သရက်  ၁၈  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီ အစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက သရက်မြို့ ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွေအောင်က HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးရှင်းလင်း ရာတွင် “ ပုံမှန်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗွီကာကွယ်ဆေး( Human Papillomavirus Vaccine – HPV) စတင်ထည့်သွင်းထိုးနှံခြင်းကို စက်တင်ဘာလ(၂၀) ရက်မှာ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားမှုနဲ့ထိုးနှံခြင်း အခမ်းအနားပြုလုပ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးခြင်း များကို စက်တင်ဘာ (၂၁)ရက်နေ့မှ စတင်၍  သရက်မြို့နယ်အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းများကိုလည်း ဆင့်ပွားသင်တန်းများ ပို့ချပေးထားပြီးဖြစ်ပါတယ်၊ HPV ကာကွယ်ဆေးဟာ လေးမျိုးစပ်ကာကွယ်ဆေးဖြစ်ပါတယ်၊ နှစ်စဉ် စတင်ထိုးနှံသည်မှ တစ်နှစ်ပြည့်တိုင်း HPV ကာကွယ်ဆေး ပုံမှန်ထိုးသွားရမှာဖြစ်ပါတယ် ဟု ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသူများမှ သိရှိလို သည်များမေးမြန်းကြရာ ဆေးရုံအုပ်ကြီးမှ ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)