သရက်ချောင်းမြို့တွင် မြန်မာယူနီကုဒ်ပြောင်းလဲရေး အခမဲ့ဝန်ဆောင်မှု ပြုလုပ်ပေး

သရက်ချောင်း    ၁၆  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အရှေ့ တွင် အများပြည်သူအသုံးပြုလျက်ရှိသည့် လက်ကိုင်ဖုန်းများအား မြန်မာယူနီကုဒ်ပြောင်းလဲပေး သည့် နည်းပညာဝန်ဆောင်မှုများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။

 

အဆိုပါဝန်ဆောင်မှုတွင် တနင်္သာရီတိုင်းဒေသကြီး မိုလ်ဘိုင်းဖုန်းလုပ်ငန်းရှင်အသင်းဝင်များ က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအသီးသီးရှိ အများပြည်သူသုံးစွဲလျက်ရှိသည့် လက်ကိုင်ဖုန်း များ၏ မြန်မာယူနီကုဒ် စာရိုက်စနစ်ပြောင်းလဲပေးခြင်း၊ဆောဖ့်ဝဲများထည့်သွင်းပေးခြင်း၊ မြန်မာယူနီ ကုဒ်၏ အားသာချက်နှင့်အသုံးဝင်မှုအခြေအနေကို ရှင်းလင်းပြောဆိုခြင်း စသည့် ဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့သည်။

 

ထိုသို့ဝန်ဆောင်မှုလုပ်ငန်းများကို အောက်တိုဘာ ၁၆ရက်နေ့မှ အောက်တိုဘာ ၁၇ရက်နေ့ အထိ နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ နှစ်ရက်တိုင်တိုင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)