သပိတ်ကျင်းမြို့နယ်၌ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲက ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

 

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သပိတ်ကျင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ ဦးဘိုမင်း(၄၉)နှစ်နှင့် တစ်ရွာတည်းနေ ဝေမင်းနိုင် (၂၆)နှစ်တို့ ၂ ဦးသည် Dump Truck ယာဉ်၏ယူဘိုးနတ်စ်အား ဝရိန်မီးဖြင့်ဖြတ်ထုတ်ရန် ဂတ်စ်အိုးအားဖွင့်စဉ် ရုတ်တရက်ပေါက်ကွဲပြီး ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဦးဘိုမင်းအား သပိတ်ကျင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

 

ရဲပြန်ကြား