သပိတ်ကျင်းမြို့နယ်၌ ၆ ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

နေပြည်တော်၊ ဩဂုတ် ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်-တကောင်းသွားကားလမ်း၊ မိုင်တိုင် အမှတ် (၇/ဝ-၁)ကြား၌ ဩဂုတ် ၁၀ ရက် ည  ၉ နာရီ ၄၅ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ထီးချိုင့်မြို့နယ်၊ ကျီးကန်းဒေါက်ကျေးရွာနေ ဦးစောနိုင်ဦး  (၅၃)နှစ် မောင်းနှင်ပြီး ဇင်ကိုကို (၂၅)နှစ်နှင့် ဦးဝင်းနိုင်(၅၃)နှစ်တို့လိုက်ပါလာသော MDY 4M/xxxx FORLAND DUMP TRUCK ၆ ဘီးယာဉ်သည် မန္တလေးမှ ထီးချိုင့်မြို့သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးသို့ လဲကျတိမ်းမှောက် သွားခဲ့သဖြင့် ဦးစောနိုင်ဦး(ခ)ဖိုးတုတ်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဇင်ကိုကိုတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဦးစောနိုင်ဦး (ခ)ဖိုးတုတ်အား သပိတ်ကျင်းမြို့မရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)