Spider-Man ရုပ်ရှင်သစ်အတွက် ပိုစတာထုတ်ဖော်ပြသ

လူစွမ်းကောင်းရုပ်ရှင်ဖြစ်တဲ့ ပင့်ကူလူသားရုပ်ရှင်တွေရဲ့ ရုပ်ရှင်သစ်အတွက် ပထမဆုံးသော ပိုစတာ ဓာတ်ပုံကို လတ်တလောမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါဓာတ်ပုံမှာ ဒေါက်တာအော်တိုပက်စ်နဲ့ ဗီလိန်တစ်ဦးဖြစ်တဲ့ ဂရင်းဂေါ်ဘလင်တို့လည်း ပါဝင်နေတာတွေ့ရကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Spider-Man: No Way Home အမည်ရတဲ့ အဆိုပါရုပ်ရှင်သစ်မှာ ပင့်ကူလူသား ပီတာပါကာအဖြစ် မင်းသား တွမ်ဟော်လန်က ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအဖြစ် ဇန်ဒါယာ  ပါဝင်သရုပ်ဆောင် ထားတာပါ။ ယင်းရုပ်ရှင်သစ်မှာ ဗီလိန်ဇာတ်ကောင်တွေလည်း စုံလင်စွာ ပြန်လည်ပါဝင်လာတာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်သစ်ကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်မှာ စတင်ရုံတင်မှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်