သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဆိပ်ဖြူမြို့နယ်တွင် ဖွဲ့စည်း

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ သနပ်ခါးစိုက်တောင်သူများအနေဖြင့် သနပ်ခါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူကုန်စည်ဒိုင်၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာ ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ခရိုင်ဦးစီးမှူးက ရှင်းလင်းဖြေကြားခဲ့သည်။ 

 

ဆိပ်ဖြူမြို့နယ်ရှိ သနပ်ခါးစိုက်ပျိုးသည့် တောင်သူများအား သနပ်ခါးကို ဒေသထွက်ကုန် အရည်အသွေး မြင့်မားလာစေရန်၊ ပြည်ပဈေးကွက်ဝင် တန်ဖိုးမြှင့် သနပ်ခါးများ တင်ပို့ရောင်းချနိုင်ရေးအတွက် ခရိုင်/မြို့နယ် သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းပြီး မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဆိပ်ဖြူကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် သနပ်ခါး ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးလင်းနိုင်(ပြန်/ဆက်)