သံဖြူဇရပ်မြို့နယ်ရှိ ကြာကန်အင်း သဘာဝရေကန်နှင့် တောင်ဖုလု စံပြကျေးရွှာရှိ စပါးခင်းအတွင်းသို့ ငါမျိုးစိုက်ထည့်

သံဖြူဇရပ်  ၂  ဩဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သံဖြူဇရပ်မြို့နယ်ရှိ ကြာကန်အင်း သဘာဝရေကန် နှင့် တောင်ဖုလု စံပြကျေးရွှာရှိ စပါးခင်းအတွင်းသို့ ငါမျိုးစိုက်ထည့်ခြင်း အခမ်းအနားတို့ကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း၊
ပြည်နယ် ဦးစီးဌာနမှူး ဦးဌေးဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်လူဝင်မူ​ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဟန်ထွန်းနိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေး၊ မြို့နယ်သမဝါယမ ဦးစီးဌာနဦးစီးဌာနမှူး ဦးဇော်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ​ရပ်မိရပ်ဖများ ပါဝင်တက်ရောက်ကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။


ယနေ့အခမ်းအနားတွင် ကြာကန်အင်း သဘာဝရေကန်အတွင်းသို့ ငါးမြစ်ချင်း၊ ငါးတန် ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) နှင့် တောင်ဖလုကျေးရွာ ကွင်းအမှတ် က၅/၂ အတွင်းရှိ တောင်သူ (၉) ဦး၏ စပါးခင်း (၇၅) ဧကအတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၃၅၀၀၀) ကောင်တို့အား အောင်မြင်စွာ စုပေါင်းမျိုးစိုက်ထည့်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN