သံဖြူဇရပ်မြို့နယ်အတွင်း အသက် (၅၅)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမနေ့ စတင်ထိုးနှံပေး

သံဖြူဇရပ်   စက်တင်ဘာ  ၁၅

           

မွန်ပြည်နယ် ၊     မော်လမြိုင်ခရိုင် ၊     သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  အသက် (၅၅)နှစ်အထက်ရှိသူများအား ယနေ့ နံနက်  ၉  နာရီမှစတင်ကာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ် (၇) နေရာ၌ ဆေးအလုံးရေ(၅၀၀၀) လူဦးရေ (၂၅၀၀၀)  ခန့်အား ပထမနေ့အဖြစ် ထိုးနှံပေးလျက်ရှိသည်။

           

အဆိုပါ   ကာကွယ်ဆေးထိုးနှံပေးသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာတာဝန်ရှိသူများက  လှည့်လည်ကြည့်ရှု့ကာ    လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

           

ယနေ့  ကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင်  အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးထိုးရာ၌  လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာစုရပ်နေရာတိုင်း၌   မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက   ပူးပေါင်းပါဝင်ဆောင်ရွက်    ပေးလျက်ရှိကြောင်း သိရသည်။

 

သံဖြူဇရပ် ( ပြန်/ဆက် )