သန်လျင်မြို့နယ်တွင် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းခွင့်ပြုထုတ်ပေး

ရန်ကုန်  ၆  ဇွန်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးစစ်ဆေးခံရန် (ယာယီ)ပိတ်သိမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်  ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက သန်လျင်မြို့နယ် လူမှုဖူလုံရေးရုံး၌ ပေးအပ်ခဲ့သည်။

 

အဆိုပါ လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ပေးရာတွင် သန်လျင်မြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ချိုဝင်းက အလုပ်ဌာန (၅) ဌာန၊ အလုပ်သမား စုစုပေါင်း ၁၉၈ ဦးအတွက် စုစုပေါင်း ငွေကျပ်  ၃၄၀၇၅၉၅ ဒသမ ၇၃ ကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတို့မှ တာဝန်ခံများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)