သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်  သြဂုတ်  ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အထက(၂)နှင့် အထက(သုဝဏ္ဏ)တို့တွင် ဩဂုတ် ၄ ရက် နံနက်ပိုင်းမှစတင်၍ အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကာကွယ်ဆေးထိုးနှံသော ဘိုးဘွားများအား သွားလာမှုအဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ သတ်မှတ် အကွာအဝေး နေထိုင်ခြင်း၊ စာရင်းပေးသွင်းခြင်း၊ နားနေခြင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိနေသော မိဘပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

 

အဆိုပါဆေးထိုးမှုတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ Volunteerများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ဘိုးဘွားများအား ဆေးထိုးသည့်နေရာသို့ လိုက်ပို့ ပေးခြင်း၊ ကြည့်ရှုအားပေးခြင်း၊ ဆေးထိုးပြီးပါကလည်း နားနေခန်းတွင် နာရီဝက် နားစေခြင်းများဖြင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)