သမိုင်းဝင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အကြောင်း တစေ့တစောင်း

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်သင်းသင်းစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

 

တွေ့ဆုံမေးမြန်း-ရီရီမြင့်

ဓာတ်ပုံ-ဇော်မင်းလတ်

 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတော်အစိုးရဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် သုတေသီများအား ရှေးဟောင်းစာပေနှင့်ဆိုင်သော အကြောင်းအချက်များကို အလွယ်တကူ ရရှိနိုင်စေရန် အကူအညီပေးလျက်ရှိသော ဌာနတစ်ခုဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်သင်းသင်းစိုးအား မြန်မာ့သတင်းစဉ်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

‌ေ ်‌ေိ

မေး။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သမိုင်း

အကြောင်းကို ပြောပြပေးစေလိုပါတယ် ရှင့်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အဆောက်

အအုံကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက် နေ့မှာ မြန်မာပြည်ဘုရင်ခံနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိလည်းဖြစ်တဲ့ ဆာဟာကုတ်ဘတ္တလာ(Sir Harcourt Butler)က အုတ်မြစ်ချပေးခဲ့ပါတယ်။ စာကြည့်တိုက်ကို ၁၉၃၁ ခုနှစ်မှာ အပြီးသတ်ခဲ့ပြီး အဲဒီနှစ်မှာပဲ စာကြည့်တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

 

မေး။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဖွင့်လှစ်

ရခြင်းရဲ့ရည်ရွယ်ချက်ကိုလည်း သိပါရစေ။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဖွင့်လှစ်

ရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ (၁)ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးရည်မှန်း ချက်တွေနဲ့ ဗဟုသုတတွေကို ရှာဖွေဖို့နဲ့ သုတေသန ပြုလုပ်ရာမှာ အထောက်အကူပြုပေးနိုင်တဲ့ သတင်း အချက်အလက်တွေကို ကူညီထောက်ပံ့နိုင်ဖို့၊ (၂) ဆရာ ဆရာမတွေရဲ့ သင်ကြားမှုစွမ်းရည်ပြည့်ဝစေရေးနဲ့ ပညာအရည်အသွေး တိုးတက်အောင်ကြိုးပမ်းဆောင်ရွက် ရာမှာ အထောက်အကူပြုနိုင်ဖို့၊ (၃) သင်ကြားရေးနဲ့ ပညာသင်ဆု ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးခြင်းဖြင့် မဟာ ဌာနရဲ့ စွမ်းဆောင်ရည်ကိုတိုးမြှင့်စေဖို့၊ (၄) စာကြည့် တိုက်အသုံးပြုသူတွေနဲ့ သတင်းရင်းမြစ်တွေအကြား ဆက်သွယ်ပေးဖို့၊ (၅) စာကြည့်တိုက်အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး အရည်အသွေး မြင့်မားတဲ့ သတင်းအချက်အလက်တွေနဲ့ စာပေအရင်း အမြစ်တွေ ဝန်ဆောင်မှုပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ အဓိက ပါဝင်ပါတယ်။

 

မေး။ ။ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တည်

ထောင်ထားတဲ့ စံနှုန်းတွေနဲ့ပတ်သက်ပြီး လည်း ပြောပြပေးစေလိုပါတယ်ရှင့်။

 

ဖြေ။ ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟာ

တက္ကသိုလ်စာကြည့်တိုက်ဖြစ်တာနဲ့အညီ ပညာရပ်ဆိုင်ရာစာအုပ်တွေကို အဓိကထား စုဆောင်း ပါတယ်။ Electronic Library ပီပြင်စွာ ဖြစ်ပေါ်လာ စေဖို့အတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်မှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။

 

မေး။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို နိုင်ငံ

တကာစာကြည့်တိုက်တွေလို အဆင့်မီအောင် ဘယ်လိုဆောင်ရွက်ထားပါသလဲ။ ဥပမာ- Website၊ Online စတဲ့ စီစဉ်ချိတ်ဆက် ဆောင်ရွက်ထားမှုကို သိချင်ပါတယ်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်က

Personal Computer (PC) တွေနဲ့ အင်တာ နက် ဝန်ဆောင်မှုပေးပါတယ်။ အဲဒီကမှတစ်ဆင့် Fiber Optic Cable ကြိုးလိုင်းနဲ့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုတွေကို ပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ မြန်နှုန်းမြင့် အင်တာနက်ကြိုးလိုင်းတွေနဲ့ Laptops နဲ့ Personal Computer တွေအပြင် Wi-Fi Access နဲ့လည်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ဝန်းကျင်မှာ စာဖတ်သူတွေလိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ Online Database တွေကို ရှာဖွေနိုင်တဲ့အထိ မြန်နှုန်းမြင့် အင်တာနက်စနစ်နဲ့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

အဲဒီအပြင် ရန်ကုန်တက္ကသိုလ် ဝက်ဘ်ဆိုက်ဖြစ်တဲ့ ug.edu.mm မှာ စာကြည့်တိုက်ရဲ့ သတင်းအချက်အလက်တွေကို ချိတ်ဆက်ထားရှိပါတယ်။ ကျွန်မတို့ စာကြည့်တိုက် ဝက်ဘ်ဆိုက်ကနေမှ ရှာဖွေသူတွေအတွက် အွန်လိုင်း ကက်တလောက်အသုံးပြုပြီး စာကြည့်တိုက်မှာ စုဆောင်း ထားရှိတဲ့ စာအုပ်တွေကို ၂၄ နာရီ ရှာဖွေနိုင်ဖို့ ဝန်ဆောင်မှု ပေးထားပါတယ်။ နောက် ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်မှာ Library Automation System ကို အသုံးပြုပြီး သမားရိုးကျ စာငှားစနစ်ကနေ Barcode ကို အခြေခံတဲ့ Electronic စာငှားစနစ်ကို ပြောင်းလဲဝန်ဆောင်မှုပေးခြင်း၊ ကျောင်းသား ကျောင်းသူတွေစုဖွဲ့ပြီး စာဆွေးနွေးနိုင်ဖို့ အတွက် discussion room စီစဉ်ထားရှိခြင်း၊ ရန်ကုန် တက္ကသိုလ်မှ သုတေသနစာတမ်းတွေကို open access အဖြစ် repository တွင် တင်ပေးခြင်းတို့ကို ဆောင် ရွက်ပေးထားပါတယ်။

 

မေး။ ။ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ အခုလို

ဝန်ဆောင်မှုကောင်းတွေ ဆောင်ရွက်ပေးထား တယ်ဆိုတော့ ဘယ်လိုစာအုပ်မျိုးတွေ အဓိကထားရှိ တယ်ဆိုတာလေးလည်း နည်းနည်းအသေးစိတ်ပြီး စာဖတ် သူတွေ သိရှိနိုင်အောင် ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ သင်

ကြားသင်ယူမှု အထောက်အကူပြု ပညာရပ် ဆိုင်ရာသုတ၊ ရသဆိုင်ရာစာအုပ်များ၊ လစဉ်၊ အပတ်စဉ် မဂ္ဂဇင်း၊ ဂျာနယ်တွေနဲ့ သမားရိုးကျ ဝန်ဆောင်မှုကို အဓိကထားပြီး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ စုဆောင်း ထားတဲ့ စာပေပစ္စည်းတွေအနေနဲ့ကတော့ -

မြန်မာစာအုပ် - ၄၈၆၀၉ အုပ်

အင်္ဂလိပ်စာအုပ် - ၈၁၈၆၈ အုပ်

ကျမ်းစာအုပ် - ၁၇၁၇၀ အုပ်

ပေစာ - ၁၈၈ အုပ်

စာနယ်ဇင်းအမျိုးအစားပေါင်း - ၂၈ မျိုး တို့ကို စုဆောင်း ထားရှိပါတယ်။

 

မေး။ ။ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကနေ

ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

ဖြေ။ ။ ကျောင်းသား ကျောင်းသူတွေအနေနဲ့

စာကြည့်တိုက်မှာရှိတဲ့ စာငှားကောင်တာကို ရောက်ရှိလာတဲ့ စာအုပ်အသစ်တွေကို ငှားရမ်းဖတ်ရှုနိုင် ဖို့အတွက် စာကြည့်တိုက်ကြော်ငြာသင်ပုန်းမှာ ကပ်ထား ပေးတဲ့ စာအုပ်အသစ်စာရင်းတွေကို ဖတ်ရှုလေ့လာ နိုင်သလို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တို့မှာလည်း စာအုပ်အသစ် တွေနဲ့ သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါ တယ်။ သုတေသနစာတမ်းတွေ ရေးသားတဲ့အခါမှာလည်း ရည်ညွှန်းကိုးကားချက်တွေဖော်ပြရာမှာ Citation Manager အသုံးပြုပုံ သင်တန်းပေးခြင်း၊ နိုင်ငံတကာ အဆင့်မီ သုတေသနစာတမ်းတွေပေါ်ထွက်နိုင်ဖို့ URKUND Plagiarism Checker ကို အသုံးပြုပြီး သုတေသနစာတမ်းတွေ၊ ကျမ်းတွေကို စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

မေး။ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ဘယ်လို

ဝန်ဆောင်မှုတွေနဲ့ ပြင်ဆင်ဆောင်ရွက်ထားပါ သလဲရှင့်။

 

ဖြေ။ ။ သမားရိုးကျစနစ်နဲ့ Electronic စနစ်တို့နဲ့ ဝန်ဆောင်မှုနှစ်မျိုး ဆောင်ရွက်ထားရှိပါတယ်။

မေး။ ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ယခင်နဲ့

ယခု အခေါ်အဝေါ် ပြောင်းလဲမှုတွေ ရှိခဲ့တယ် လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သိချင်ပါ တယ်ရှင့်။

ဖြေ။ ။ အခေါ်အဝေါ်အပြောင်းအလဲတွေ ရှိခဲ့ပါတယ်

ရှင်။ ရန်ကုန်တက္ကသိုလ်တည်ထောင်ခါစမှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆို ပြီး ရှိခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ကနေ စတင်ပြီး စနစ်သစ် ပညာရေးအရ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်လို့ အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်နဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဆိုပြီး စာကြည့်တိုက်နှစ်ခုအနေနဲ့ သီးခြားစီ ခွဲထွက်ခဲ့ပါတယ်။

 

မေး။ ။ ကျောင်းသား ကျောင်းသူတွေကို အသိပေး

ချင်တာရှိရင်လည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ စာကြည့်တိုက်မှူးသာမက စာကြည့်တိုက်

ဝန်ထမ်းတွေအနေနဲ့လည်း ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေရဲ့ သင်ကြားရေး ဆိုင်ရာတွေ၊ သုတေသနလုပ်ငန်းဆိုင်ရာတွေနဲ့ ပတ်သက် ပြီး အဆင့်မြှင့်တင်ခြင်းတွေကို စဉ်ဆက်မပြတ်ပံ့ပိုး ကူညီမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်ကို ပြည်တွင်း၊ ပြည်ပမှ လေ့လာ သူပညာရှင်တွေနဲ့ ကျောင်းသား ကျောင်းသူ သုတေသီတွေ လာရောက်လေ့လာလျက်ရှိပြီး ဆက်လက်ပိုမိုအသုံးပြုကြဖို့ ဖိတ်ခေါ် တိုက်တွန်းလိုပါတယ်။

မေး။ ။ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာရှိတဲ့

စာအုပ်တွေကို တက္ကသိုလ်ကျောင်းသားတွေ သာမက ကျောင်းသားကျောင်းသူမဟုတ်တဲ့ အခြားစာပေ ဝါသနာရှင်တွေပါ ငှားရမ်းဖတ်ရှုနိုင်ပါသလား၊ ဖတ်ရှုလိုရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲဆိုတာကို ဖြေကြား ပေးပါဦးရှင့်။

 

ဖြေ။ ။ အခုလိုမေးမြန်းပေးတာကျေးဇူးတင်ပါတယ်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကို အခြားစာပေဝါသနာရှင်တွေလည်း ငှားရမ်း ဖတ်ရှုနိုင်ပါတယ်ရှင်။ စာကြည့်တိုက်ကို အသုံးပြုလိုတဲ့ ပြင်ပပုဂ္ဂိုလ်တွေအနေနဲ့ ဌာနဆိုင်ရာအကြီးအကဲရဲ့ ထောက်ခံစာ / ရပ်ကွက်ထောက်ခံစာနဲ့ ဓာတ်ပုံတစ်ပုံကို ယူဆောင်ပြီး စာကြည့်တိုက်အသင်းဝင်နိုင်ပါတယ်။

မေး။ ။စာကြည့်တိုက်မှူးတစ်ယောက်မှာ ရှိရမယ့်

စံသတ်မှတ်ချက်တွေကို သိလိုပါတယ်။ နောက် စာကြည့်တိုက်မှူးတွေအနေနဲ့ ဘယ်လိုအရည်အသွေး မြှင့်တင်ဆောင်ရွက်ထားသင့်တယ်ဆိုတာကို ဖြေကြားပေး ပါဦးရှင့်။

ဖြေ။ ။ စာကြည့်တိုက်အရွယ်အစားအရ စာကြည့်

တိုက်မှူးစံနှုန်းတွေက သိသိသာသာကွဲပြား ပေမယ့် ပုံမှန်အားဖြင့်တော့ အောက်ပါ စံသတ်မှတ်ချက် တွေ ရှိရပါမယ် -

 

- နည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ကောင်းမွန်စွာ အသုံးချနိုင်သည့်စွမ်းရည်၊

- Database များနှင့် အင်တာနက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးချနိုင်ခြင်း၊

- အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်ခြင်းနှင့် စီမံ ခန့်ခွဲမှုစွမ်းရည်ရှိခြင်း၊

- စာကြည့်တိုက်ရှိ အရင်းအမြစ်များကို အသုံးပြုတတ် ခြင်းနှင့် စာကြည့်တိုက် အသုံးပြုသူများ၏ လိုအပ် ချက်များကို အကဲဖြတ်နိုင်ခြင်း၊

- တင်ဆက်မှုနှင့် စကားပြော ကျွမ်းကျင်မှုစွမ်းရည် ရှိခြင်း၊

- ပညာရပ်များ(သို့) ပညာရပ်တစ်ခုကို အထူးကျွမ်း ကျင်စွာ သိရှိတတ်မြောက်ခြင်း(ဥပမာ - ICT နည်းပညာကို ကျွမ်းကျင်တတ်မြောက်ခြင်း)တို့ပဲ ဖြစ်ပါတယ်။

 

မေး။ ။ ကျေးဇူးတင်ပါတယ်ရှင်။ ရန်ကုန်တက္ကသိုလ်

နှစ်(၁၀၀)ပြည့်မှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အမှတ်တရ စကားပြောကြားပေးပါဦး။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်မှာ

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး တစ် ယောက်အနေနဲ့ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူရပါတယ်လို့ ပြောကြားလိုပါတယ်ရှင်။ ။

 

န‌ေ်‌ေ