သီတင်းကျွတ်ရုံးပိတ်ရက်တွင် ကယားပြည်နယ်သို့ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ

လွိုင်ကော် ၁၄  အောက်တိုဘာ

 

သီတင်းကျွတ်ရုံးပိတ်ရက်တွင် ကယားပြည်နယ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွား ဧည့်သည်များ၊ နိုင်ငံခြားခရီးသွားများ၊ မွေးရပ်မြေသို့ ပြန်လာကြသည့် ဒေသခံပြည်သူများ၊ ဖြင့် စည်ကားလျက် ရှိကြောင်း သိရှိရ သည်။

 

ဘုရားဖူးခရီးသွားဧည်သည့်များမှာ  ဟိုတယ်များတွင်လည်းကောင်း၊ ဟိုတယ်များမှာလည်း အခန်းလွတ်များ မရှိတော့သဖြင့် လွိုင်ကော်မြို့နယ်ရှိ သာသနာ့ဗိမ္မာန်၊ ဘုန်းကြီးကျောင်းများတွင် လည်းကောင်း တည်းခိုကြပြီး လွိုင်ကော်မြို့နယ်ရှိ အထင်ကရ ဘုရားများနှင့် အပန်းဖြေနေရာများသို့ ဒေသခံဘုရားဖူး ပို့ဆောင်ရေးယာဉ်များဖြင့် သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၊ ဆုတောင်းပြည့် မြို့နာမ်စေတီ၊ မြကလပ်တောင်တော်၊ ရွှေလက်ဝါး တောင်၊ လွယ်တမူဂူ၊ ကြက်ဂူ၊ ဒီးမော့ဆိုမြို့နယ်ရှိ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ငွေတောင်ဆည်၊ လွိုင်လင်လေးမြို့ရှိ ထီးစဲခါးရေတံခွန်၊ လောပိတရေတံခွန် စသည်တို့သွားရောက် ဘုရားဖူးခြင်း ၊ အပန်းဖြေခြင်း၊ ရိုးရာယက်ကန်းများ သွားရောက်လေ့လာကာ အမှတ်တရပစ္စည်းများ ဝယ်ယူကြကြောင်းသိရသည်။

 

ဘုရားဖူးဧည့်သည်များဖြစ်သည့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က အင်ဂျင်နီယာမှူး ဒေါ်ဝင်းဝင်း ကြည် နှင့် ဦးစီးအရာရှိ ဒေါ်နီလာဦးတို့က ရုံးပိတ်ရက်မှာ ဝန်ထမ်းမိသားစုတွေ တောင်ကြီး၊အင်းလေး၊ လွိုင်ကော်မြို့ကို ဘုရားဖူးအပန်းဖြေသွားရောက်ဖို့ ရွှေးချယ်ခဲ့တယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကလည်း  အာဆီယံ သန့်ရှင်းသော မြို့တော်ဆု (ASEAN Clean Tourist City Standard Award) ကိုရရှိထားတယ်၊ စိတ်ဝင်စားစရာအများကြီးရှိတယ်။ စိမ်းလန်းစိုပြေပြီး တောတောင်ရေမြေသဘာဝအတိုင်းကို တွေ့ရတော့ပိုပြီး ကြည်နူးမိတယ်။ တိုင်းရင်းသားတွေရဲ့ရိုးရာဓလေ့၊ အစားအသောက်တွေကို သိမြင်ရတယ်။ တိုင်းရင်းသားတွေ ဆိုတော့ ဖော်ရွှေကြတယ်။ ဟုပြောသည်။ ထို့နောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဘုရားဖူးခရီးသွားများကို ပို့ဆောင်ပေးသည့် ယာဉ်လိုင်းတာဝန်ခံ အောင်အောင်ကလည်း ကျွန်တော်တို့ လွိုင်ကော်မြို့ကို လာရောက်တဲ့ ဘုရားဖူးဧည့်သည်တွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် များပြားလာပါတယ်။ ကျွန်တော်တို့က ဘုရားဖူး ဧည့်သည်တွေကို တောင်တက်ကားငယ်လေးတွေနဲ့ အန္တရာယ်ကင်းကင်းနဲ့ ၊ အချိန်တိုတွင်း အထင်ကရဘုရားများနဲ့ အပန်းဖြေနေရာများကို ပို့ဆောင်ပေးတဲ့အပြင် ခရီးသွားတွေရဲ့ လိုအပ်တဲ့အကူအညီ တွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ်။ တည်းခိုဖို့ ၊ စားသောက်ဖို့ စတဲ့ အခက်အခဲကအစပေါ့။ ကျွန်တော်တို့ယာဉ်လိုင်းအတွက် ရေရှည်တည်တံ့ရပ်တည်နိုင်အောင်လို့ အစိုးရရဲ့ အကူအညီတွေကိုလည်း အများကြီးလိုအပ်ပါတယ် ဟုပြောသည်။

 

ကိုစိုင်း (လွိုင်ကော်)