သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ တန်ခိုးကြီး ဘုရားများတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

မော်လမြိုင် ၁၃ အောက်တိုဘာ

 

ဝါလကင်းလွတ် သီတင်းကျွတ်ကာလဖြစ်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါ တော်နေ့)တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ တန်ခိုးကြီးဘုရားများတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

 

1

 

မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော သမိုင်းဝင်ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၊ ဦးဇိနစေတီတော်မြတ်ကြီး၊ မဟာမြတ်မုနိဘုရားကြီးနှင့် ဦးခန္တီ မဟာမြတ် မုနိဆုတောင်းပြည့်ဘုရားတို့တွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိပြီး စေတနာ ရှင်ပြည်သူများတို့က ကော်ဖီ၊ အအေးတို့ဖြင့် ကျွေးမွေးလှူဒါန်းကြသည်။ ၎င်းအပြင် မော်လမြိုင်မြို့ ကမ်းနားလမ်း ရေပေါ်ညဈေးတန်းတွင်လည်း ရပ်နီးရပ်ဝေးမှ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)