သီတင်းကျွတ်ကာလအတွင်း အမြန်လမ်းတစ်လျှောက်တွင် ယာဉ်မတော်တဆမှု ၂၆ မှုဖြစ်ပွား

နေပြည်တော် ၁၆ အောက်တိုဘာ

 

သီတင်းကျွတ်ကာလ ပြည်သူများ ခရီးသွားလာမှုများပြားစည်ကားခဲ့ရာ အမြန်လမ်းမတစ်လျှောက် အသုံးပြုသွား လာကြ သည့် ခရီးသွားယာဉ်များ အထူးများပြားခဲ့ရာ အောက်တိုဘာလ ၁၀ ရက်မှ ၁၅ ရက်အထိ အမြန်လမ်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု ၂၆ မှုဖြစ်ပွားပြီး ကျား(၂)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများမှာ သံဃာ (၂)ပါး၊ သီလရှင် (၁)ပါး ကျား (၃၉)ဦး မ(၃၀)ဦး အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

 

MDN