သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေဖူလုံစေရန် သွားရောက်လှူဒါန်း

ညောင်ဦး ဇွန်    

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စုတည်ကျေးရွာနှင့် သုံးထောင့်ကန်တဲတိုက်မှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် ဇွန် ရက် နံနက် နာရီက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့မှ ပရဟိတအသင်းသားများအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

သောက်သုံးရေဖူလုံစေရေး သွားရောက်လှူဒါန်းပေးရာတွင် သုမင်္ဂလာပရဟိတရေလှူအသင်းမှ ပရဟိတအသင်းသားများက ရေသယ်ယာဉ်များဖြင့် သွားရောက်ကာ စုတည်ကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ရေဂါလန် ၂၂၀၀၊ သုံးထောင့်ကန်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၅၀၀၊ စုစုပေါင်း သောက်သုံးရေဂါလန် ၃၇၀၀ အား အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်းနှင့် သောက်သုံးရေအခက်အခဲကြုံနေချိန် သောက်သုံးရေများ လာရောက်လှူဒါန်းပေးမှုကြောင့် ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)