သောက်ရေထဲမှာ ပလတ်စတစ်အမှုန်အမွှားပါခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း မတွေ့သေးကြောင့် WHO ထုတ်ပြန်

၂၃ သြဂုတ်


သောက်ရေထဲမှာ ပလတ်စတစ်အမှုန်အမွှားများ လက်ရှိပမာဏပါရှိခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း မရှိသေးကြောင်း၊ သုတေသန ဆက်လက်လုပ်ဆောင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။ 


ရေတိုင်ကရေနဲ့ သောက်ရေသန့်ဘူးများတွင် လက်ရှိပါဝင်တဲ့ ပလတ်စတစ်အမှုန်အမွှား ပမာဏဟာ နည်းပါးတဲ့အတွက် အဲဒီရဲ့ အကျိုးသက်ရောက်မှုကို လေ့လာရန် ခက်ခဲကြောင်း၊ ပလတ်စတစ်အမှုန်အမွှားများကနေ လူသားတွေကို ကျန်းမာရေးဆိုးကျိုး ဖြစ်နိုင်ကြောင်းကို အားစိုက်ပြီး ထပ်မံလေ့လာရန် WHO က တိုက်တွန်းပြောကြားပါတယ်။ 


အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားဖြစ်တဲ့အတွက် ခန္ဓာကိုယ်က စုပ်ယူလို့ မရနိုင်ပါဘူး။ ပလတ်စတစ်မှန်လေးတွေကို မြစ်၊ ချောင်း၊ ကန်၊ သောက်ရေသန့်နဲ့ ရေသန့်ဘူးများတွင် ပါဝင်နေတာကို တွေ့ရပါတယ်။

ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ်အမှိုက်ညစ်ညမ်းမှုကို ရပ်တန့်ဖို့လိုအပ်နေပါတယ်လို့ WHO က တိုက်တွန်းပြောကြားပါတယ်။


MDN


ကိုးကား - AFP

 

0e0e82cfd1