သြစတြေးလျားနိုင်ငံမှာ ခရစ်မတ်ပွဲတော်အတွက် တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ လူသုံးဦးကို ထောင်ဒဏ်ချမှတ်

၂၉ နိုဝင်ဘာ

 

သြစတြေးလျားနိုင်ငံ မဲလဘုန်းမြို့ ရဲ့ ၂၀၁၆ ခုနှစ် ခရစ်စမတ်ပွဲတော်အတွင်းမှာ တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားသုံးဦးကို ဒီကနေ့ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

 

တရားခံ ဟာမတ်အာဘတ် (၂၄ နှစ်) အာမတ် မိုဟာမက် (၂၇ နှစ်) နဲ့ အက်ဘူလာ ချာရာနီ (၂၉နှစ်) တို့ ဘူတာရုံတစ်ရုံနဲ့ ဘုရားကျောင်းတစ်ခုအပါအဝင် လူစည်းကားရာနေရာတွေမှာ လက်လုပ်ဗုံးများ ၊ဓါးရှည်များကို အသုံးပြုပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

 

7

 

တရားသူကြီး ခရစ်တိုဖာ ဘဲလေးက ဒီသုံးဦးဟာ အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း တွေ့ရှိရတဲ့ အာဘတ်ကို ထောင်ဒဏ် ၂၂ နှစ်၊ မိုဟာမက်နဲ့ ချာရာနီကို ထောင်ဒဏ် ၃၈ နှစ် အသီးသီးပစ်ဒဏ်ချမှတ် ခဲ့ကြောင်း သိရပါတယ်။

 

သြစတြေးလျားနိုင်ငံဖွား အဲဒီအမျိုးသားသုံးဦးရဲ့ ဖုန်းပြောခြင်း၊ စာတိုပို့ခြင်းနဲ့ အီးမေးလ်တွေပေါ်က ခြေရာခံပြီး ရဲတပ်ဖွဲ့က သူတို့အားလုံးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP