သစ္စာစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ကွင်းဆင်းပြုလုပ်ပေး

ကောလင်း   ၂၁   ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ ကေလင်းမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်စိန်စိန်တင်၊ လက်ထောက် လဝကမှူး ဒေါ်ခင်မာဝေ၊ ဉီးသန်းထိုက်သူနှင့် ဉီးသောက်ထွန်းတို့သည် ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌  အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြား(အခမဲ့) ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးခဲ့သည်။  

ထိုသို့ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးရာတွင် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းမှ နိုင်ငံသားအရည်အချင်းနှင့် ပြည့်မီသူ ကျောင်းသား ၆၄ ဦး၊၉၈ ဦး စုစုပေါင်း၁၆၂ ဦး အား (အခမဲ့)ပြုလုပ်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာသို့ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ   လဝကမှူး ဒေါ်စိန်စိန်တင်နှင့်အဖွဲ့များက ဆောင်ရွက်ပေးခြင်းအပေါ် ကျောင်းအုပ် ဆရာမကြီး ဒေါ်စင်းချိန်နှင့်ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)