သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သောသီးနှံများအတွက် ထောက်ပံ့ကြေးငွေများပေးအပ်

လှည်းကူး ၃၀ စက်တင်ဘာ

 

၂၀၁၈ခုနှစ်၊ မိုးရာသီကာလ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သောသီးနှံများအတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲကို စက်တင်ဘာ  ၃၀  ရက် မွန်းလွဲ ၂ နာရီအချိန်က ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေက ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း ရွှေခရုဖျက်စီးကြောင့် ပျက်စီးခဲ့သည့် သီးနှံဧက (၇၂၅) ဧကနှင့် ရေကြီးရေလျှံခြင်းတို့ကြောင့် ပျက်စီးခဲ့သည့် သီးနှံဧက(၂၄)ဧက စုစုပေါင်း ပျက်စီးဆုံးရှုံးခဲ့သည့် သီးနှံဧက(၇၄၉)ဧကအတွင်း ပါဝင်နေသော တောင်သူများအတွက် ထောက်ပံ့ငွေ(၇၄၉၀ဝ၀ဝ)ကျပ်တို့အား တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။  

 

နိုင်လင်း(လှည်းကူး)