သားပိုက်ကောင်အကောင်၂၀ ကို သြစတြေးလျ ဆယ်ကျော်သက်ရွယ် တစ်ဦးက ကားနဲ့ တိုက်သတ်

၂ အောက်တိုဘာ

 

သြစတြေးလျ ဆယ်ကျော်သက်ရွယ်တစ်ဦးက သားပိုက်ကောင် အကောင် ၂၀ ကို  ကားနဲ့ တစ်နာရီအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်သတ်ခဲ့ကြောင်း သိရပါတယ်။

 

ဆစ်ဒနီတောင်ပိုင်း တူရာကမ်းခြေရှိ ကားလမ်းပေါ်မှာ ကလေးအရွယ် သားပိုက်ကောင် နှစ်ကောင်အပါအဝင် သားပိုက်ကောင်အသေတွေကို တနင်္ဂနွေနေ့ မနက်ပိုင်းက တွေ့ခဲ့ရာ အဲဒီ ၁၉ နှစ်အရွယ် လူငယ်ကို ဖမ်းဆီးပြီး တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုနဲ့ မနေ့က တရားစွဲဆိုလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ပြောကြားပါတယ်။

 

အပြစ်ကျူးလွန်သူလို့ သံသယရှိသူလူငယ်ဟာ နိုဝင်ဘာလမှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

မိဘမဲ့အဖြစ်ကျန်ခဲ့တဲ့ ကလေးအရွယ် သားပိုက်ကောင် အနည်းဆုံး သုံးကောင်ကို တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့က ကယ်ဆယ်ထားကြောင်းသိရပါတယ်။

 

နယူဆောက်ဝေးဥပဒေအရ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ သြစတြေးလျ ဒေါ်လာ ၂၂,ဝ၀ဝ (အမေရိကန်ဒေါ်လာ ၁၅,ဝ၀ဝ) ပြစ်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။

 

သြစတြေးလျနိုင်ငံမှာ တိရစ္ဆာန်အကောင်အရေ ၅၇,ဝ၀ဝ ကျော်ကို ၂၀၁၇-၁၈ ခုနှစ်အတွင်းမှာ သတ်ဖြတ်ခဲ့ကြောင်း တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

 

MDN

ကိုးကား- AFP