သာကေတမြို့နယ်တွင် ဝက်သားတုတ်ထိုးဆိုင်ရှိ ဂတ်စ်မီးဖိုမှ ဂက်စ်အိုးပေါက်ကွဲ၍ ၃ ဦးဒဏ်ရာရ

နေပြည်တော် ၁၆ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်နေ ဒေါ်သန်းသန်းဝင်း (၅၅)နှစ်သည် အောက်တိုဘာ ၁၅ ရက် ည ၆ နာရီခွဲက အောင်သုခလမ်းမကြီးနှင့် အောင်သုခ (၂၃)လမ်းထိပ်တွင် ဖွင့်လှစ်ထားသော ၎င်းပိုင်ဝက်သားတုတ်ထိုးဆိုင်၌ ဈေးရောင်းချနေစဉ် ဆိုင်တွင်အသုံးပြုသည့် လက်ဆွဲဂတ်စ်မီးဖိုမှ ဂတ်စ်ဘူးအသေးပေါက်ကွဲပြီး  ဒေါ်သန်းသန်းဝင်းနှင့် လာရောက်စားသုံးသူ တစ်ရပ်ကွက်တည်းနေ ဒေါ်ခင်စန်းရီ (၅၅)နှစ်နှင့် ဒေါ်စိန်စိန်မြ (၄၁)နှစ်တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ဒေါ်သန်းသန်းဝင်းအား သာကေတမြို့မရဲစခန်း (ပ)၁၂၆၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN