သာကေတမြို့နယ်တွင်  သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်

ရန်ကုန် ၁၅ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်အလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ ယနေ့နံနက်(၉)နာရီ၌ အမှတ်(၅)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ရေစည်များ၊ ပန်းအိုးများ၊ ရေဝပ်ရာရေအိုး၊ ရေခွက်များတွင် ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သဖြင့် အဘိတ် ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)