သာကေတမြို့နယ် Quarantine Centre သို့ ငွေသားနှင့် ပစ္စည်းများ လာရောက်လှူဒါန်း

သာကေတ ၂၁ စက်တင်ဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တွင် ဇိနမာရ်အောင် စေတီတော်ကြီးဝင်းအတွင်းရှိ  Quarantine Centre တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၄/တောင်ရပ်ကွက်နေ ဦးမင်းမင်းအောင်မိသားစုမှ ငွေကျပ်(၁)သိန်းနှင့် ရေသန့်ကတ်(၅၀)ကတ်၊ ဒေါက်တာနှင်းပွင့်ဖြူမိသားစုမှ ငွေကျပ်(၁)သိန်းနှင့် ရေသန့်ကတ် (၁၇) ကတ်၊ ၁/အနော်မာရပ်ကွက်နေ ဦးသန်းညွှန့်မိသားစုမှ ငွေကျပ် တစ်သိန်းခွဲ၊ ၆/အနောက်ရပ်ကွက်နေ မောင်ဟိန်းအာကာဟိန်းမှ ငွေကျပ်(၁)သိန်း၊ ၆/အ‌ရှေ့ရပ်ကွက်နေ ကိုကရင်မိသားစုမှ Face Shield (၁၀၀)ခု၊ ၆/အရှေ့ရပ်ကွက်နေ မမေခိုင်ဇာလင်းမိသားစုမှ ဆန်(၁)အိတ်၊ Meizin ဆီ(၁)လီတာ (၆)ဘူး၊ (၅)လီတာ (၃)ဘူး၊ အအေး (၁)ကတ်၊ ၂/မြောက်ရပ်ကွက်နေ မမြတ်စုလွင်မှ Surgical Suit/ Face Shiled/ ခေါင်းစွပ်/ Maskပါ (၅)စုံ၊ မာန်ပြေရပ်ကွက်နေ ဒေါ်ခင်မြိုင်မိသားစုမှ ငွေကျပ်(၁)သိန်းနှင့် ဆပ်ပြာမှုန့်ထုပ်များ စသည်တို့ကို ယနေ့နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ကြသည်။

 

အဆိုပါ Quarantine Centre သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ Positive လူနာများနှင့် ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြားနေထိုင် စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်ထားရာ နေထိုင်ရေးအဆင်ပြေစေရန်အတွက် အလှူရှင်များမှ တစ်တပ်တစ်အား လှူဒါန်းခဲ့ကြပြီး Quarantine Centre သို့ လှူဒါန်းလိုပါက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)

 

mdn