ရုရှားနိုင်ငံ၌ ကျောက်မီးသွေးတွင်းမတော်တဆမှုဖြစ်ပွား လူ ၅၀ ကျော်သေဆုံး

နိုဝင်ဘာ ၂၆

 

ရုရှားနိုင်ငံအရှေ့ပိုင်း ဆိုက်ဘေးရီးယားဒေသတွင် ကျောက်မီးသွေးတွင်းမတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၅၂ ဦးထက်မနည်းသေဆုံးကြောင်း ရုရှားမီဒီယာက ဖော်ပြထားသည်။

 

အာဏာပိုင်များက ယင်းမတော်တဆမှုသည် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့်ဖြစ်ဖွယ်ရှိသည်ဟု ယူဆကြသည်။

 

အဆိုပါမတော်တဆမှုဖြစ်ပွားချိန်တွင် ထိုတွင်း၌အလုပ်သမား ၂၈၅ ဦးရှိနေသည်ဟု ဒေသအာဏာပိုင်များကဆိုသည်။ လူ ၂၀၀ ကျော်ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သေဆုံးသူများထဲတွင် ကယ်ဆယ်ရေးလုပ်သား ခြောက်ဦးပါသည်ဟု မီဒီယာကဖော်ပြထားသည်။

 

၎င်းကျောက်မီးသွေးတွင်းတွင် ပိတ်မိနေသူ ၄၀ ခန့်ရှိသော်လည်း ယင်းနေရာရှိအသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိရန်အခွင့်အရေးမရှိဟု ဒေသန္တရအေဂျင်စီက ဆိုသည်။

 

စုံစမ်းစစ်ဆေးရေးကော်မတီက ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှုဖြင့် စွဲချက်တင်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒဏ်ရာရရှိသူများအား လိုအပ်သည့် အကူအညီများအားလုံးပေးရန် အစိုးရကိုညွှန်ကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို