ရုရှား လူနေအဆောက်အအုံ မီးလောင်မှုဖြစ်ပွား ၁၁ ဦးထက်မနည်း သေဆုံး

၂၁ ဇန်နဝါရီ

 

ရုရှားနိုင်ငံ တိုမက်ခ် ဒေသ ပရီချူလမ်စကီ ကျေးရွာရှိ လူနေအဆောက်အအုံ တစ်လုံး ယနေ့ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။

 

မော်စကို စံတော်ချိန် မနက် ၇ နာရီ ၃ မိနစ်က လူ ၁၁ ဦး အလောင်းကို တွေ့ရှိခဲ့ကြောင်း ထိုအရေးပေါ်ဆိုင်ရာ ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး ကြေညာချက်တွင် ဖော်ပြထားသည်။

 

ယနေ့မနက်အစောပိုင်းက သစ်သားအဆောက်အအုံ မီးလောင်ကျွမ်းခဲ့ပြီး ၁၁ ဦး သေဆုံးကာ အခြား နှစ်ဦး မှာ လွတ်မြောက်သွားခဲ့သည်။

 

ထိုပြစ်မှုဆိုင်ရာအမှုကို မီးလောင်မှုအဖြစ် အမှုဖွင့်ကြောင်း စုံစမ်းစစ်ဆေးသူများက ကြေညာခဲ့သည်ဟု ထိုအရေးပေါ်ဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို