ရုပ်သံစီးရီးတွင် မီရှဲအိုဘားမား အဖြစ် ဗိုင်အိုလာ ဒေးဗစ်  သရုပ်ဆောင်မည်

၂၈ သြဂုတ်


ရှိုးတိုင်းမ်စ်ရုပ်သံလိုင်းမှ  ရိုက်ကူးမည့်    ဇာတ်လမ်းသစ်မှာတော့  အော်စကာဆုရှင် ဗိုင်အိုလာဒေးဗစ်က အမေရိကန်သမ္မတ ကတော်ဟောင်း မီရှဲအိုဘားမားအဖြစ် သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။  အဆိုပါရုပ်သံကုမ္ပဏီဟာ  ဇာတ်ညွှန်းသုံးခု ပြင်ဆင်ထားပြီးတော့ အဲဒီသုံးခုထဲက  ဘယ်ဇာတ်òန်းနဲ့  ရိုက်ကူးမယ်ဆိုတာကို  ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။

 

စာရေးဆရာ အာရွန်ကိုလီက ထုတ်လုပ်သူနဲ့  စာရေးဆရာအဖြစ် လုပ်ဆောင်သွားမှာပါ။ ဇာတ်လမ်းကတော့ အမေရိကန်သမ္မတကတော်တွေရဲ့ ပုဂ္ဂိုလ်ရေးရာဘဝနဲ့နိုင်ငံ ရေးဘဝတွေကိုပါ ပြသသွားမှာပါ။  ဇာတ်လမ်းတွဲရဲ့ပထမဆုံးအတွဲမှာတော့  မီရှဲ အိုဘားမား၊ အယ်လီနာရုစဗဲ့နဲ့ ဘတ်တီဖို့တို့ရဲ့အကြောင်းကို အလေးပေးပြီး ဖော်ပြပေးသွားမှာပါ။  ဒေးဗစ်ကတော့  လတ်တလောမှာ   How to Get Away with Murder ဆိုတဲ့ဇာတ်ကားမှာ  သရုပ်ဆောင်ထားပါတယ်။ ဗိုင်အိုလာဒေးဗစ်ဟာ မီရှဲ အိုဘားမား နဲ့လည်း ခင်မင်ပြီး ၂၀၁၇ ခုနှစ်ကလည်း မီရှဲအိုဘားမားနဲ့အတူ ရိုက်ထားတဲ့ပုံကို  ဖေ့ဘုတ်ပေါ်တင်ခဲ့ပြီး  ဘဝမှာဆက်လက်အောင်မြင်ပါစေ၊  နောင်အနာဂတ် မျိုးဆက်သစ်တွေထိပါ အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးဖူးပါတယ်။

 

စီအင်န်အင်န်