ရပ်ကွက်/ ကျေးရွာအုပ်စု ကိုဗစ်-၁၉ အထောက်အကူပြုစေတနာလုပ်အားရှင်များအား ပညာပေး သင်တန်းဖွင့်

ကြို့ပင်ကောက်   ၂၆   စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကိုဗစ်-၁၉ အထောက်အကူပြု စေတနာလုပ်အားရှင်များအား ပညာပေး သင်တန်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ရပ်ကွက်ကျေးရွာအုပ်စုများမှ သင်တန်းသား စေတနာ ရှင်လူငယ်များ တက်ရောက်ခဲ့ပြီး          သင်တန်းပထမရက်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ စေတနာရှင် လူငယ်(၃၀) အား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန်၊ ပြည်သူလူထုအား မှန်ကန်သော ကျန်းမာရေး အသိပညာ ဖြန့်ဝေပေးရန်နှင့် ကျန်းမာရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သင်တန်းပို့ချပေးမည့် အောင်မြင်မြင့်မိုရ်ဆေးရုံးမှ ဆရာဝန်ကြီး ဒေါက်တာညီညီလတ်က ပြောသည်။

 

ကိုဗစ်-၁၉ အထောက်အကူပြု စေတနာလုပ်အားရှင်များ ပညာပေးသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုများမှ စေတနာရှင် လူငယ်သင်တန်းသား (၃၀)စီအား နှစ်သုတ်ခွဲ၍ စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ဒေါက်တာညီညီလတ်မှ ဆွေးနွေးသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)