ရပ်စောက်မြို့၌ မိုးကြိုးထိမှန်၍ တစ်ဦးသေဆုံးပြီး လေးဦးဆေးကုသမှုခံယူရ

ရပ်စောက် ၆ ဇွန်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာတွင် ဇွန် ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က တောင်ယာပြောင်းခင်း ပေါင်းဆွသွားရောက်လုပ်ကိုင်သူများအား မိုးကြိုးပစ်၍ တစ်ဦးသေဆုံးပြီး လေးဦး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာမှ ဒေါ်နန်းမွန်း၏ တောင်ယာတွင် ပြောင်းခင်းပေါင်းဆွရန် သွားရောက်လုပ်ကိုင်ကြသော ကျေးရွာသားများသည် အလုပ်နား၍   တောင်ယာတဲတွင် ဝိုင်းဖွဲ့ပြီး ထမင်းစားသောက်နေစဉ် မိုးကြိုးပစ်ချသဖြင့် မခင်လေး (၂၉)နှစ်မှာ ညိုမဲဒဏ်ရာရရှိပြီး သေဆုံးခဲ့ကြောင်း၊ ကျန်လူများဖြစ်သည့် ဒေါ်သန်းရင် (၄၆)နှစ် ခန္ဓာကိုယ်အောက်ပိုင်းကျဉ် (မစိုးရိမ်ရ)၊ မချောပို (၁၉)နှစ် ခန္ဓာကိုယ်ဘယ်ဘက်ကျဉ် (မစိုးရိမ်ရ)၊ မသူဇာဖြိုး (၁၆)နှစ် ခြေလက်ကိုက်ခဲ (မစိုးရိမ်ရ)၊ ဒေါ်နန်းမွန်း  (၅ဝ)နှစ်  ခန္ဓာကိုယ်ဘယ်ဘက်ထုံကျဉ် (မစိုးရိမ်ရ)တို့ လေးဦးအား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း သိရသည်။

 

ဇော်ဝင်း(ပြန်/ဆက်)