ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၌ အမှုပေါင်း (၇၈) မှု အား Online မှ တရားစီရင်မိန့် ချမှတ်

ရန်ကုန် ၂၄ စက်တင်ဘာ

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ပြစ်မှုဆိုင်ရာ အမှု (၃၃) မှု၊ တရားမဆိုင်ရာ အမှု (၄၅) မှု၊ စုစုပေါင်း (၇၈) မှု အား Zoom Application အသုံးပြု၍ ယနေ့၊ စက်တင်ဘာလ (၂၄) ရက်နေ့က တရားစီရင်မိန့် ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်း က ပြောကြားသည်။

#MRTV