ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု  ကြည့်ရှုစစ်ဆေး

ရန်ကုန် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်   ယနေ့နံနက်ပိုင်းတွင် မရမ်း ကုန်းမြို့နယ်(၃)ရပ်ကွက် အောင်သိဒ္ဓိလမ်းပေါ်ရှိ အောင်သိဒ္ဓိချောင်းကို အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ၇ တန်ခွဲ Excavator ဖြင့် နုန်းများ ဆယ်ယူရှင်းနေမှု၊ အောင်သိဒ္ဓိ ချောင်းဖြတ်သန်းစီးဆင်းရာ ရပ်ကွက်များနှင့် သမိုင်းချောင်းတို့တွင် ရေကြီးရေလျှံမှု လျော့ပါးစေရေး ချောင်းအတွင်းအလျား ပေ၂၀၀၊ အကျယ်ပေ ၉၀ ရှိ ရေထိန်းကန် Retention Basin တူးဖော်နေမှု၊ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်၊ သိရိမင်္ဂလာ လမ်းမကြီးတစ်လျှောက် သန့်ရှင်းသပ်ရပ်စေရေးနှင့် ပြည်သူများယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေး အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ပထမအဆင့်အနေဖြင့် ပြည်လမ်းနှင့် မြို့တော်ဂေါက်ကွင်းအကြားအရှည် ပေ ၆၀၀၀၊ အကျယ် ၈ ပေရှိ လူသွားစင်္ကြံ စက်ဘီးလမ်းနှင့် မြေယာရှုခင်းများဆောင်ရွက်နိုင်ရန် လမ်းချဲ့တွင်ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် မြို့တော်ဝန်သည် လှိုင်မြို့နယ် ၈ ရပ်ကွက်ရှိ သုခမြိုင်ပတ်လမ်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ သုခမြိုင်ပတ်လမ်း မြောင်းတစ်လျှောက်အရှည် ၃၁၅ပေ၊ အကျယ် ၅ပေခွဲ၊ ထု ၈လက်မရှိ  ကားနင်းခံ မြောင်းဖုံးများ တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်