ရန်ကုန်မြို့ နှစ်သစ်ကူးညကို ပြည်သူတို့ ပျော်ရွှင်စွာဆင်နွှဲ

ရန်ကုန်  ၁  ဇန်နဝါရီ

 

ရန်ကုန်မြို့ ဒဂုံမြို့နယ် မိုင်ဒါကွင်း၌ ယနေ့ကျင်းပသော Myanmar Countdown 2019 တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်သူတို့အား နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

အဆိုပါနှစ်သစ်ကူး ကြိုဆိုပွဲတွင် တေးဂီတဖြင့် နိုင်ငံကျော် အဆိုတော်များက သီဆိုဖျော်ဖြေခြင်း၊ ပျော်ရွှင်စရာ ကစားနည်းများ၊ ဈေးရောင်းပွဲများဖြင့် စည်စည်ကားကား ကျင်းပခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား အဖြစ် “ကျွန်တော်တို့တွေ စုပေါင်း အင်အားနဲ့ အောင်မြင်မှုတွေရအောင် ကြိုးပမ်းကြမယ်။ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံတော် ကြီးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားကြမယ်။ တိ်ုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး တညီတညွတ်တည်းနဲ့ ကျွန်တော်တို့နိုင်ငံ အေးချမ်းအောင် ကြိုးစားမယ်။ ၂၀၁၉ ခုနှစ်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးကို ကြိုးပမ်းရမယ့်နှစ် ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း ကြပါစို့”ဟု ပြောကြားခဲ့သည်။

 

သတင်း- သန်းထိုက်

 

than htike photo