ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် Alphard ယာဉ်မတော်တဆမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရ သူမရှိ

နေပြည်တော် ၁၆ အောက်တိုဘာ

 

ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင် ၁၀၄/၆-၁၀၄/၇ကြားတွင် ယနေ့ နံနက် ၈ နာရီခန့်က ယာဉ်မောင်း ကိုမင်းစိုး ကျောက်ပန်းတောင်းနေသူ မောင်းနှင်လာသည့် MDY 9H/---- Alphard အဖြူရောင် ယာဉ်သည်အရှိန်မထိန်းနိုင်ဘဲ အပြင်ဘက်Guard Raill တန်းကိုတိုက်၍Guard Raill ပေါ်တွင်တင်နေသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဖြူးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ကျား (၄)ဦး မ(၄)ဦး ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် ယာဉ်ကို သတ်မှတ်အရှိန်နှုန်း အတိုင်း သတိပြုမောင်းနှင်ကြပါရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN