ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

ရန်ကုန်  ၁၄  ဒီဇင်ဘာ

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၈/၀)တွင် ယနေ့နံနက် ၅ နာရီ ၅၅ မိနစ် အချိန်ခန့်၊ ရန်ကုန်ဘက်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာသော Toyota Landcruiser အမျိုးအစား (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းမကြီးနှင့် ကုန်ထုတ်လမ်းကြားရှိ အနက်(၁၀)ပေခန့်ရှိသော တာကျွင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။

 

သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက  သွားရောက် ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ရှစ်ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦး(မစိုးရိမ်ရ)၊ အမျိုးသမီး (၂)ဦး (မစိုးရိမ်ရ) နှင့် အမျိုးသမီးတစ်ဦး(သေဆုံး)တို့အား အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ပိုင် ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN

Photo-Myanmar Fire Service