ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ် ၉ ဇူလိုင်

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ မိုးဦးရာသီတွင် ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါအကြောင်း သိရှိစေရန်နှင့် ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်တို့တွင်  အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           

ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ်ရှိ ဒေသနေပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအကြောင်းအရာများနှင့် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာများကို လူစည်ကားရာ နေရာများ၊  လမ်းဆုံလမ်းခွများတွင် Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ နေအိမ်ခြံဝင်းအတွင်းရှိ ရေလှောင်ကန်များ၊ ရေစည်များ၊ ပန်းအိုးများ၊ ရေအိုး၊ ရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း ပြုလုပ်ဆောင်ရွက်ပေးခြင်း၊  ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)