ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်

တောင်ကြီး   ဇန်နဝါရီ   ၂၇

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲ မကျင်းပမီ အမျိုးသမီး၅၇-၆၁ ကီလိုတန်း ဗန်တိုလက်သိုင်း အတိုက်ပြိုင်ပွဲ အမျိုးသား ၄၅-၅၀ ကီလိုတန်း ဓားတစ်လက် အတိုက်ပြိုင်ပွဲနှင့် အမျိုးသား ၅၃-၅၇ ကီလိုတန်း ဗန်တိုလက်သိုင်း အတိုက်ပြိုင်ပွဲ ဗိုလ်ပွဲ ယှဉ်ပြိုင် နေမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အမျိုးသား အမျိုးသမီး (၄၅-၄၉) ကီလို ဗန်တိုအတိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ၊ အမျိုးသား အမျိုးသမီး (၄၉-၅၃)ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများ၊ အမျိုးသား အမျိုးသမီး (၅၃-၅၇)ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများ၊ အမျိုးသား(၅၇-၆၁)ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

အမျိုးသမီး(၅၇-၆၁)ကီလို ဗန်တိုအတိုက်၊ အမျိုးသား (၆၁-၆၅)ကီလို ဗန်တိုအတိုက်၊ အမျိုးသမီး (၆၁-၆၅) ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ဆုများချီးမြှင့်သည်။ အမျိုးသား(၆၅-၆၉)ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ၊ အမျိုးသမီး(၄၀- ၄၅)ကီလို ဓား တစ်လက်အတိုက်ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များ၊ အမျိုးသား(၄၅-၅၀)ကီလို ဓား တစ်လက်အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရှိသူများကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဆုများချီးမြှင့်သည်။

အမျိုးသမီး၄၅-၅၀ ကီလို ဓား တစ်လက်အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား (၅၀-၅၅)ကီလို ဓား တစ်လက်အတိုက်တွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသမီး(၅၀-၅၅)ကီလို ဓား တစ်လက်အတိုက်တွင် ဒုတိယ၊ ပထမဆုရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဆုချီးမြှင့် သည်။ အမျိုးသား(၄၅-၅၀)ကီလို ဓား နှစ်လက်အတိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ ဒုတိယ ပထမဆုရရှိသူများ၊ အမျိုးသမီး(၄၅- ၅၀-၅၅)ကီလို ဓား နှစ်လက်အတိုက်တွင် ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား(၅၀-၅၅)ကီလို ဓားနှစ်လက်အတိုက်တွင် တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ဆုများ ချီးမြှင့်သည်။ အမျိုးသား(၅၅-၆၀)ကီလို ဓား နှစ်လက်အတိုက်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ သုံးဦးတွဲ စွမ်းရည်ပြ ၆၃ မောင်းပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဆုများ ချီးမြှင့်သည်။

စွမ်းရည်ပြ ဓား နှစ်လက် အပြပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများ၊ စွမ်းရည်ပြ ဓား တစ်လက် အပြပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများနှင့် စုပေါင်းတံခွန်စိုက်ရရှိသွားသော လင်းခေးမြို့နယ်အား တံခွန်စိုက်ဖလားတို့ကို ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်က ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)